top of page

သတင်းထုတ်ပြန်ချက်


ပလက်ဝ ၌ ကျောင်းကြိုပို့ စက်လှေတစ်စီးအား မြန်မာစစ်တပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ ကျောင်းသား (၂) ဦးသေဆုံး၊ အချို့ဒဏ်ရာရရှိကြောင်းသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်


၂၀၂၂ ခုနစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နေ့လယ် (၁ : ၃၅) နာရီအချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော မြန်မာစစ်တပ်သည် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ တမင်တကာရည်ရွယ်ချက်ရှိရှိ စက်လတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲမဝ(ရီးမဝ)ကျေးရွာမှ ကျောင်းသားနှစ်ဦးဖြစ်သော မောင်နေမင်းထွန်း (အသက်-၁၂ နှစ်) နှင့် မောင်အောင်သန်းမြင့် (အသက်-၁၂ နှစ်) တို့ နှစ်ဦးမှာ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ကျောင်းသူ/ကျောင်းသားအချို့ နှင့် ကျောင်းစောင့်တစ်ဦး (ဦးဗဒူ၊ အသက်-၅၆ နှစ်)တို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။


ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားမိဘပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချ တပ်စွဲဂိတ်ချထားသော မြန်မာစစ်တပ်မှ အတင်းအဓမ္မပစ္စည်းတောင်းခံခြင်း၊ ငွေကြေးကောက်ခံခြင်း၊ သေနတ်ဖောက်ရပ်တန့်ခိုင်းခြင်း၊ မရပ်တန့်သော စက်လှေများအား သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသောကြောင့် ဒဏ်ရာရရှိသူများ၊ အသက်ဆုံးရှုံးသူများရှိကာ ပြည်သူလူထုသည်လည်း အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှုများရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်ပြီး ယမန်နေ့က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်အမှန်အား ထုတ်ပြန်အပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


ree

ree


Recent Posts

See All
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page