Apr 29, 2020

WHO၏ကားပစ္ခတ္ခံရျခင္းႏွင့္စပ္လ်ဥ္းသည့္ စံုစမ္းေရးေကာ္မရွင္ဖြဲ႕စည္းျခင္းႏွင့္ပတ္သက္၍ထုတ္ျပန္ေၾကညာခ်က္

Updated: Sep 30, 2020

#Unicode

အမှတ် (၂၂/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း (၈) ရက်

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၉) ရက်

နိုင်ငံတော်သမ္မတရုံးမှဖွဲ့စည်းလိုက်သော WHO အဖွဲ့ပိုင် မော်တော်ယာဉ်ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်းသည့်

စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၈) ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းလိုက်သော “ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မတီ” တွင် ပါဝင်ထိုက်ပါဝင်သင့်သူများ တစ်ဦးတစ်ယောက်မျှမပါဝင်ဘဲ ပဋိပက္ခနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး ပဋိပက္ခအတွင်း ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ခဲ့သည့် မြန်မာ့တပ်မတော် နှင့် အမိန့်ပေးညွှန်ကြားသူ မြန်မာအစိုးရတို့၏ သီးသန့်ကိုယ်စားလှယ်များဖြင့်စုဖွဲ့ထားသော ကော်မတီတစ်ခုဖြစ်၍ ၎င်းသမာသမတ်မရှိသောကော်မတီကို လုံးဝအယုံအကြည်မရှိကြောင်း သိစေအပ်သည်။

ထို့ကြောင့် ဤ “ကော်မတီ” သည်လည်း NLD ဦးဆောင်သော မြန်မာအစိုးရမှ ယခင်ဖွဲ့စည်းခဲ့ပြီးသော “ကော်မတီများ” နည်းတူ အမှန်တရားကိုအဖြေရှာမည့် ကော်မတီမဟုတ်ဘဲ ၎င်းတို့ကျူးလွန်ထားသော ပြစ်မှုများကို ဖုံးကွယ်ရန်၊ ဖျောက်ဖျက်ရန်၊ အချိန်ဆွဲထားရန်၊ တစ်ဖက်အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန် နှင့် ပြစ်မှုကျူးလွန်ထားသောသူများကို အကာအကွယ်ပေးရန်အတွက် ဖွဲ့စည်းလိုက်သော “ကော်မတီ” တစ်ခုသာဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း၌ မြန်မာ့တပ်မတော် နှင့် ရုပ်ပြအမည်ခံဒီမိုကရေစီအစိုးရတို့သည် စုံစမ်းစစ်ဆေးမှုများအတွက် ကော်မတီများဖွဲ့ကြရာတွင် အမှုမှန် နှင့် အမှန်တရားများဖော်ထုတ်ရန် ဖွဲ့စည်းကြခြင်း မဟုတ်ဘဲ လူကြားကောင်းအောင်ဖွဲ့စည်းလိုက်ကြသော “အလိမ်အညာကော်မတီ” များသာဖြစ်နေသည်ကို ထင်ရှားစွာတွေ့ရှိနေရပါသည်။ ၎င်းတို့ကိုယ်တိုင် ပြစ်မှုကျူးလွန်ထားသော ကာယကံရှင်အဖွဲ့အစည်းမှ ၎င်းတို့၏ ကိုယ်စားလှယ်များကိုထည့်သွင်း၍ စုံစမ်းစစ်ဆေးရန် ကော်မတီဖွဲ့နေခြင်းမှာ “လူလိမ်အား ဖဲဝိုင်းထောင်ခိုင်းနေခြင်း” သာဖြစ်ပါသည်။

အမှန်တရား နှင့် တရားမျှတမှုကိုရှာဖွေရန်အတွက် ယခုကဲ့သို့ “ကော်မတီ” ကိုဖွဲ့စည်းလိုက်သည်ဟု ထင်မြင်ယူဆ၍ရသော်လည်း တစ်ဖက်သတ်ဖွဲ့စည်းထားသောကော်မတီတွင် ပါဝင်သူများကိုကြည့်၍ အမှန်တရား ပေါ်ပေါက်နိုင်စရာအကြောင်းမရှိဟု ပြောလိုပါသည်။ WHO ဝန်ထမ်း (၁) ဦး သေနတ်မှန်သေဆုံး၍ တစ်ဦးထိခိုက် ဒဏ်ရာရသောကိစ္စနှင့်ပတ်သက်၍ အမှန်တရားများပေါ်ပေါက်စေရန် သမာသမတ်၊ အရည်အချင်း၊ အဖက်ဖက်မှ လက်ခံနိုင်သော လူပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသော “လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးရေး ကော်မရှင်” အဖြစ် ဖွဲ့စည်းနိုင်မှသာ အမှန်တရား နှင့် တရားမျှတမှု ပေါ်ပေါက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ထိုသို့သောကော်မရှင်မျိုးကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်

#Zawgyi

အမွတ္ (၂၂/၂၀၂၀)
 
၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း (၈) ရက္
 
၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၉) ရက္
 

 
ႏိုင္ငံေတာ္သမၼတ႐ုံးမွဖြဲ႕စည္းလိုက္ေသာ WHO အဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္ပစ္ခတ္တိုက္ခိုက္ခံရျခင္းႏွင့္စပ္လ်ဥ္းသည့္
 
စုံစမ္းစစ္ေဆးေရးေကာ္မတီဖြဲ႕စည္းျခင္းႏွင့္ပတ္သက္၍ ထုတ္ျပန္ေၾကညာခ်က္
 

 
အမိန႔္ေၾကာ္ျငာစာအမွတ္ ၆၄/၂၀၂၀ ၊ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၈) ရက္ေန႔စြဲျဖင့္ ႏိုင္ငံေတာ္သမၼတ႐ုံးမွ ဖြဲ႕စည္းလိုက္ေသာ “ကမာၻ႔က်န္းမာေရးအဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္ ပစ္ခတ္တိုက္ခိုက္ခံရျခင္းႏွင့္စပ္လ်ဥ္းသည့္ စုံစမ္းစစ္ေဆးေရးေကာ္မတီ” တြင္ ပါဝင္ထိုက္ပါဝင္သင့္သူမ်ား တစ္ဦးတစ္ေယာက္မွ်မပါဝင္ဘဲ ပဋိပကၡႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနၿပီး ပဋိပကၡအတြင္း ကိုယ္တိုင္ကိုယ္က်လုပ္ေဆာင္ခဲ့သည့္ ျမန္မာ့တပ္မေတာ္ ႏွင့္ အမိန႔္ေပးၫႊန္ၾကားသူ ျမန္မာအစိုးရတို႔၏ သီးသန႔္ကိုယ္စားလွယ္မ်ားျဖင့္စုဖြဲ႕ထားေသာ ေကာ္မတီတစ္ခုျဖစ္၍ ၎သမာသမတ္မရွိေသာေကာ္မတီကို လုံးဝအယုံအၾကည္မရွိေၾကာင္း သိေစအပ္သည္။
 
ထို႔ေၾကာင့္ ဤ “ေကာ္မတီ” သည္လည္း NLD ဦးေဆာင္ေသာ ျမန္မာအစိုးရမွ ယခင္ဖြဲ႕စည္းခဲ့ၿပီးေသာ “ေကာ္မတီမ်ား” နည္းတူ အမွန္တရားကိုအေျဖရွာမည့္ ေကာ္မတီမဟုတ္ဘဲ ၎တို႔က်ဴးလြန္ထားေသာ ျပစ္မႈမ်ားကို ဖုံးကြယ္ရန္၊ ေဖ်ာက္ဖ်က္ရန္၊ အခ်ိန္ဆြဲထားရန္၊ တစ္ဖက္အဖြဲ႕အစည္းအေပၚ အျပစ္ပုံခ်ရန္ ႏွင့္ ျပစ္မႈက်ဴးလြန္ထားေသာသူမ်ားကို အကာအကြယ္ေပးရန္အတြက္ ဖြဲ႕စည္းလိုက္ေသာ “ေကာ္မတီ” တစ္ခုသာျဖစ္ပါသည္။ ျမန္မာႏိုင္ငံအတြင္း၌ ျမန္မာ့တပ္မေတာ္ ႏွင့္ ႐ုပ္ျပအမည္ခံဒီမိုကေရစီအစိုးရတို႔သည္ စုံစမ္းစစ္ေဆးမႈမ်ားအတြက္ ေကာ္မတီမ်ားဖြဲ႕ၾကရာတြင္ အမႈမွန္ ႏွင့္ အမွန္တရားမ်ားေဖာ္ထုတ္ရန္ ဖြဲ႕စည္းၾကျခင္း မဟုတ္ဘဲ လူၾကားေကာင္းေအာင္ဖြဲ႕စည္းလိုက္ၾကေသာ “အလိမ္အညာေကာ္မတီ” မ်ားသာျဖစ္ေနသည္ကို ထင္ရွားစြာေတြ႕ရွိေနရပါသည္။ ၎တို႔ကိုယ္တိုင္ ျပစ္မႈက်ဴးလြန္ထားေသာ ကာယကံရွင္အဖြဲ႕အစည္းမွ ၎တို႔၏ ကိုယ္စားလွယ္မ်ားကိုထည့္သြင္း၍ စုံစမ္းစစ္ေဆးရန္ ေကာ္မတီဖြဲ႕ေနျခင္းမွာ “လူလိမ္အား ဖဲဝိုင္းေထာင္ခိုင္းေနျခင္း” သာျဖစ္ပါသည္။
 
အမွန္တရား ႏွင့္ တရားမွ်တမႈကိုရွာေဖြရန္အတြက္ ယခုကဲ့သို႔ “ေကာ္မတီ” ကိုဖြဲ႕စည္းလိုက္သည္ဟု ထင္ျမင္ယူဆ၍ရေသာ္လည္း တစ္ဖက္သတ္ဖြဲ႕စည္းထားေသာေကာ္မတီတြင္ ပါဝင္သူမ်ားကိုၾကည့္၍ အမွန္တရား ေပၚေပါက္ႏိုင္စရာအေၾကာင္းမရွိဟု ေျပာလိုပါသည္။ WHO ဝန္ထမ္း (၁) ဦး ေသနတ္မွန္ေသဆုံး၍ တစ္ဦးထိခိုက္ ဒဏ္ရာရေသာကိစၥႏွင့္ပတ္သက္၍ အမွန္တရားမ်ားေပၚေပါက္ေစရန္ သမာသမတ္၊ အရည္အခ်င္း၊ အဖက္ဖက္မွ လက္ခံႏိုင္ေသာ လူပုဂၢိဳလ္မ်ားျဖင့္ဖြဲ႕စည္းထားေသာ “လြတ္လပ္ၿပီး တရားမွ်တေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္” အျဖစ္ ဖြဲ႕စည္းႏိုင္မွသာ အမွန္တရား ႏွင့္ တရားမွ်တမႈ ေပၚေပါက္ႏိုင္လိမ့္မည္ဟု ယုံၾကည္ပါသည္။ ထိုသို႔ေသာေကာ္မရွင္မ်ိဳးကို ႀကိဳဆိုၿပီး ပူးေပါင္းေဆာင္႐ြက္ရန္အသင့္ရွိေၾကာင္း ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္၏ သေဘာထားကို ထုတ္ျပန္ေၾကညာအပ္ပါသည္။


 
ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္

    419
    13