Jul 17, 2020

ျမန္မာ့တပ္မေတာ္မွထုတ္ျပန္ေသာသတင္းႏွင့္ပတ္သက္၍ျဖစ္စဥ္ျဖစ္ရပ္အားသုံးသပ္ခ်က္

#Zawgyi

ျမန္မာ့တပ္မေတာ္၏သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၁၆) ရက္စြဲျဖင့္ ထုတ္ျပန္ေသာ " ရေသ့ေတာင္ၿမိဳ႕နယ္၊ ထီးစြဲ၊ ေအာင္သာေဇ ႏွင့္ ေက်ာက္တန္းေက်းရြာတစ္ဝိုက္အေျချပဳေနေသာ (AA) အား အၾကမ္းဖက္ႏွိမ္နင္းမႈ စစ္ဆင္ေရးျပဳလုပ္" ဟုထုတ္ျပန္ေသာသတင္းႏွင့္ပတ္သက္၍ ျဖစ္စဥ္ျဖစ္ရပ္အား သုံးသပ္ရွင္းလင္းခ်က္

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၁၇) ရက္

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာအပါအဝင္ ၎ရြာပတ္ဝန္းက်င္ရွိ ရြာမ်ားစြာတို႔အား( မိမိတို႔ခန႔္မွန္းအရ ရြာေပါင္း (၃၀) ေက်ာ္) ျမန္မာ့တပ္မေတာ္မွ "နယ္ေျမရွင္းလင္းေရး" ျပဳလုပ္သြားမည္ဟု ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၄) ရက္ေန႔၌ ရေသ့ေတာင္ၿမိဳ႕၊ ၿမိဳ႕နယ္စီမံခန႔္ခြဲေရးေကာ္မတီမွတစ္ဆင့္ အသိေပးထုတ္ျပန္ခဲ့သည္။ သို႔ေသာ္ နိုင္ငံတကာမိသားစုမ်ားမွ စိုးရိမ္ေၾကာင္းထုတ္ျပန္ေၾကညာခ်က္ထုတ္ၿပီးေနာက္ ရခိုင္ျပည္နယ္၊ လုံျခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္း လက္မွတ္ျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၆) ရက္ (၄၈ နာရီအတြင္း) ၌အဆိုပါအသိေပးခ်က္အားပယ္ဖ်က္ခဲ့သည္။

သို႔ေသာ္လည္း ျမန္မာ့တပ္မေတာ္သည္ လက္ေတြ႕တြင္ "နယ္ေျမရွင္းလင္းေရး"အပါအဝင္ ႀကီးမားေသာ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုျပဳလုပ္ရန္ မရပ္မနားေဆာင္ရြက္လ်က္ရွိသည္။ တၿပိဳင္နက္တည္းတြင္ ရေသ့ေတာင္အေျခစိုက္တပ္ရင္းမ်ား၊ စစ္ဆင္ေရးစစ္ေၾကာင္းမ်ားသည္ လက္နက္ႀကီးမ်ားကို ေန႔တိုင္းနီးပါး ႀကိဳၾကားႀကိဳၾကားပစ္ခတ္တိုက္ခိုက္လ်က္ရွိေနသည္။ စစ္အင္အား၊ လက္နက္အင္အားမ်ားကိုလည္း ဆက္တိုက္ျဖည့္တင္းေနေပသည္။ ပလက္ဝ၊ အမ္း၊ ေျမပုံၿမိဳ႕နယ္မ်ား၌လည္း အလားတူ လက္နက္ႀကီးမ်ားျဖင့္ ရပ္ရြာမ်ားအတြင္းသို႔ ႀကိဳၾကားႀကိဳၾကားေန႔တိုင္းနီးပါးပစ္ခတ္တိုက္ခိုက္ခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၁၆) ရက္ေန႔တြင္" ရေသ့ေတာင္ၿမိဳ႕နယ္၊ ထီးစြဲ၊ ေအာင္သာေဇ ႏွင့္ ေက်ာက္တန္းေက်းရြာတစ္ဝိုက္ အေျချပဳေနေသာ (AA )အားအၾကမ္းဖက္ႏွိမ္နင္းမႈ စစ္ဆင္ေရးျပဳလုပ္" ဟူ၍သတင္းထုတ္ျပန္ခဲ့သည္။ ယခုသတင္းအားမထုတ္ျပန္မီကတည္းကပင္ ျမန္မာ့တပ္မေတာ္သည္ ၎တို႔၏ႀကီးမားေသာထိုးစစ္မ်ားအတြက္ လိုအပ္ေသာျပင္ဆင္မႈမ်ားႏွင့္အတူ ရကၡိဳင့္တပ္ေတာ္အား ေနရာအႏွံ႔တိုက္ခိုက္လ်က္ရွိသည္။ မိမိတို႔ဖက္မွ တိုက္ပြဲမ်ားမျဖစ္ပြားေအာင္ထိန္းသိမ္းေနေသာေၾကာင့္ တိုက္ပြဲမ်ားမျပင္းထန္ရျခင္းျဖစ္သည္။

ကိုရိုနာကူးစက္ေရာဂါ တားဆီးေရး၊ ထိန္းခ်ဳပ္ေရး ႏွင့္ တိုက္ဖ်က္ေရးကာလ၊ ရကၡိဳင့္တပ္ေတာ္မွ တစ္ဖက္သတ္အပစ္ရပ္ထားသည့္ကာလမ်ား၌ ျမန္မာ့တပ္မေတာ္မွ ရေသ့ေတာင္ၿမိဳ႕၊ ေက်ာက္တန္းေက်းရြာ ႏွင့္ ၎ေက်းရြာပတ္ဝန္းက်င္မ်ားအား ယခုကဲ့သို႔ နယ္ေျမရွင္းလင္းေရးေခါင္းစဥ္ကို ခုတုံးလုပ္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုျပဳလုပ္ရသည္မွာ ေအာက္ပါအခ်က္မ်ားေၾကာင့္ဟု သုံးသပ္မိပါသည္။

(၁) ရခိုင္ျပည္၏ဆန္စပါးအဓိကစိုက္ပ်ိဳးၾကေသာေဒသမ်ားထဲတြင္ ရေသ့ေတာင္ၿမိဳ႕နယ္သည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။ မိုးရာသီစပါးစိုက္ပ်ိဳးသည့္အခ်ိန္၌ လယ္သမားမ်ား စပါးစိုက္ပ်ိဳး၍မရရွိေစရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ ယခုကဲ့သို႔ျပဳလုပ္ျခင္းျဖစ္သည္။ လယ္ထြန္ယက္ျခင္းမျပဳနိုင္ေစရန္၊ စပါးစိုက္ပ်ိဳး၍မရနိုင္ရန္ လယ္ကြင္းအတြင္း ျမန္မာ့တပ္မေတာ္မွ မိုင္းေထာင္ျခင္း၊ လယ္သမားမ်ားအားၿခိမ္းေျခာက္ျခင္း၊ ဖမ္းဆီးျခင္း၊ ပစ္ခတ္သတ္ျဖတ္ျခင္းတို႔အျပင္ ပစ္ခတ္သတ္ျဖတ္၍ေသဆုံးေနသူ၏ခႏၶာကိုယ္အား အပိုင္းပိုင္းျဖတ္၍ လူအမ်ားျမင္သာေအာင္လႊင့္ပစ္ထားျခင္း တို႔ကို ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။ ထိုကဲ့သို႔ျပဳလုပ္ေနျခင္းမွာ လာမည့္ႏွစ္၌ ရခိုင္ေဒသအတြင္း အငတ္ေဘးဖန္တီးရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ အကြက္ခ်စီစဥ္လုပ္ေဆာင္ျခင္းပင္ျဖစ္သည္။

(၂) ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းရွိေက်ာက္တန္းေက်းရြာကဲ့သို႔ ေက်းရြာေပါင္းမ်ားစြာတို႔သည္ တိုက္ပြဲမ်ားေၾကာင့္ ရြာလုံးကၽြတ္စစ္ေဘးေရွာင္ရြာမ်ားအျဖစ္သို႔ေရာက္ရွိခဲ့ရသည္။ ရြာေစာင့္အနည္းငယ္သာက်န္ေသာေက်းရြာအခ်ိဳ႕၊ နာမက်န္း၍ မထြက္ခြါနိုင္ေသာေၾကာင့္ က်န္ခဲ့ေသာသက္ႀကီးပိုင္းအခ်ိဳ႕သာရွိေသာ ေက်းရြာမ်ားအပါအဝင္ ေက်ာက္တန္းေက်းရြာပတ္ဝန္းက်င္ရွိ ေက်းရြာမ်ားသည္ ရြာသူရြာသားမဲ့ရြာမ်ားအျဖစ္သို႔ေခတၱေရာက္ရွိခဲ့ရသည္။ ျမန္မာ့တပ္မေတာ္သည္ အဆိုပါေက်းရြာမ်ားကို အလုံးစုံဖ်က္ဆီးလိုေသာေၾကာင့္ ယခုကဲ့သို႔ မိုးတြင္းကာလ၌ ႀကီးမားေသာစစ္ဆင္ေရးကိုျပဳလုပ္ရျခင္းျဖစ္သည္။ ရကၡိဳင့္တပ္ေတာ္အားတိုက္ခိုက္ေနျခင္းမဟုတ္ဘဲ တိုက္ပြဲအတုမ်ားဖန္တီးၿပီး ရြာလုံးကၽြတ္ အလုံးစုံပ်က္စီးရန္ ျပဳလုပ္ေနျခင္းသာျဖစ္သည္။

(၃) Counter Terrorism Operation အၾကမ္းဖက္ႏွိမ္နင္းေရးတိုက္ဖ်က္ေရး ဟူသည္မွာ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာ့တပ္မေတာ္မွသုံးစြဲၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္ခဲ့ေသာ Operation Clearance ကိုအစားထိုးသုံးစြဲျခင္းသာျဖစ္သည္။ စကားလုံးေျပာင္းလဲေသာ္လည္း အႏွစ္သာရ ႏွင့္ လုပ္ရပ္မေျပာင္းလဲဘဲ ရခိုင္ေဒသအတြင္းရွိ ဗမာမပါေသာအျခားတိုင္းရင္းသားလူမ်ိဳးမ်ားကို လူမ်ိဳးတုံးသတ္ျဖတ္ရန္( သို႔မဟုတ္) လူမ်ိဳးျဖဳတ္ရွင္းလင္းရန္လုပ္ေဆာင္ေနျခင္းသာျဖစ္သည္။

(၄) အဆိုပါေက်းရြာမ်ားအတြင္း ျမန္မာ့တပ္မေတာ္မွ အခ်ိန္ၾကာျမင့္စြာတပ္စခန္းခ်၍ စစ္ဆင္ေရးမ်ားျပဳလုပ္ေနျခင္း၊ ၎စခန္းခ်သည့္ေက်းရြာမ်ားအတြင္းမွ လက္နက္ႀကီးလက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ေနျခင္းတို႔ကို ျမန္မာ့တပ္မေတာ္မွ ျပဳလုပ္ေနသည္ကို ကာယကံရွင္ေဒသခံရြာသူရြာသားမ်ား အားလုံးအသိပင္ျဖစ္သည္။ ဤသည္ကို ဖုံးဖိကာကြယ္လိုေသာေၾကာင့္ " ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ား အကာအကြယ္ယူေနေသာေၾကာင့္(သို႔) အေျချပဳေနရာယူေနေသာေၾကာင့္" ဟူေသာ ျမန္မာ့တပ္မေတာ္၏ ထုတ္ျပန္ခ်က္ပါစြပ္စြဲခ်က္မွာ သူခိုးကလူကိုျပန္ဟစ္ေသာ အေၾကာင္းျပခ်က္မ်ိဳးသာျဖစ္သည္။

ျမန္မာ့တပ္မေတာ္၏ ယခုလက္ရွိလုပ္ေဆာင္ေနေသာလုပ္ရပ္မ်ားႏွင့္ ယခင္လုပ္ေဆာင္ခဲ့ၿပီးေသာ လုပ္ရပ္မ်ားကိုသုံးသပ္ရေသာ္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာအပါအဝင္ေက်းရြာေပါင္းမ်ားစြာတို႔အား တိုက္ပြဲကိုအေၾကာင္းျပ၍ ဖ်က္ဆီးရန္ႀကံစည္ေနေသာ လုပ္ရပ္၊ လာမည့္ႏွစ္၌အငတ္ေဘးၾကဳံရန္ ႀကံစည္ေသာလုပ္ရပ္မ်ားသာျဖစ္သည္ဟု သုံးသပ္ပါသည္။

သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္

#Unicode

မြန်မာ့တပ်မတော်၏သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်စွဲဖြင့် ထုတ်ပြန်သော " ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေ နှင့် ကျောက်တန်းကျေးရွာတစ်ဝိုက်အခြေပြုနေသော (AA) အား အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်" ဟုထုတ်ပြန်သောသတင်းနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်အား သုံးသပ်ရှင်းလင်းချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၇) ရက်

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအပါအဝင် ၎င်းရွာပတ်ဝန်းကျင်ရှိ ရွာများစွာတို့အား( မိမိတို့ခန့်မှန်းအရ ရွာပေါင်း (၃၀) ကျော်) မြန်မာ့တပ်မတော်မှ "နယ်မြေရှင်းလင်းရေး" ပြုလုပ်သွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၄) ရက်နေ့၌ ရသေ့တောင်မြို့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။ သို့သော် နိုင်ငံတကာမိသားစုများမှ စိုးရိမ်ကြောင်းထုတ်ပြန်ကြေညာချက်ထုတ်ပြီးနောက် ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း လက်မှတ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆) ရက် (၄၈ နာရီအတွင်း) ၌အဆိုပါအသိပေးချက်အားပယ်ဖျက်ခဲ့သည်။

သို့သော်လည်း မြန်မာ့တပ်မတော်သည် လက်တွေ့တွင် "နယ်မြေရှင်းလင်းရေး"အပါအဝင် ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ရန် မရပ်မနားဆောင်ရွက်လျက်ရှိသည်။ တပြိုင်နက်တည်းတွင် ရသေ့တောင်အခြေစိုက်တပ်ရင်းများ၊ စစ်ဆင်ရေးစစ်ကြောင်းများသည် လက်နက်ကြီးများကို နေ့တိုင်းနီးပါး ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်လျက်ရှိနေသည်။ စစ်အင်အား၊ လက်နက်အင်အားများကိုလည်း ဆက်တိုက်ဖြည့်တင်းနေပေသည်။ ပလက်ဝ၊ အမ်း၊ မြေပုံမြို့နယ်များ၌လည်း အလားတူ လက်နက်ကြီးများဖြင့် ရပ်ရွာများအတွင်းသို့ ကြိုကြားကြိုကြားနေ့တိုင်းနီးပါးပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင်" ရသေ့တောင်မြို့နယ်၊ ထီးစွဲ၊ အောင်သာဇေ နှင့် ကျောက်တန်းကျေးရွာတစ်ဝိုက် အခြေပြုနေသော( AA )အားအကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးပြုလုပ်" ဟူ၍သတင်းထုတ်ပြန်ခဲ့သည်။ ယခုသတင်းအားမထုတ်ပြန်မီကတည်းကပင် မြန်မာ့တပ်မတော်သည် ၎င်းတို့၏ကြီးမားသောထိုးစစ်များအတွက် လိုအပ်သောပြင်ဆင်မှုများနှင့်အတူ ရက္ခိုင့်တပ်တော်အား နေရာအနှံ့တိုက်ခိုက်လျက်ရှိသည်။ မိမိတို့ဖက်မှ တိုက်ပွဲများမဖြစ်ပွားအောင်ထိန်းသိမ်းနေသောကြောင့် တိုက်ပွဲများမပြင်းထန်ရခြင်းဖြစ်သည်။

ကိုရိုနာကူးစက်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေး နှင့် တိုက်ဖျက်ရေးကာလ၊ ရက္ခိုင့်တပ်တော်မှ တစ်ဖက်သတ်အပစ်ရပ်ထားသည့်ကာလများ၌ မြန်မာ့တပ်မတော်မှ ရသေ့တောင်မြို့၊ ကျောက်တန်းကျေးရွာ နှင့် ၎င်းကျေးရွာပတ်ဝန်းကျင်များအား ယခုကဲ့သို့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ကို ခုတုံးလုပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုပြုလုပ်ရသည်မှာ အောက်ပါအအချက်များကြောင့်ဟု သုံးသပ်မိပါသည်။

(၁) ရခိုင်ပြည်၏ဆန်စပါးအဓိကစိုက်ပျိုးကြသောဒေသများထဲတွင် ရသေ့တောင်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိုးရာသီစပါးစိုက်ပျိုးသည့်အချိန်၌ လယ်သမားများ စပါးစိုက်ပျိုး၍မရရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်။ လယ်ထွန်ယက်ခြင်းမပြုနိုင်စေရန်၊ စပါးစိုက်ပျိုး၍မရနိုင်ရန် လယ်ကွင်းအတွင်း မြန်မာ့တပ်မတော်မှ မိုင်းထောင်ခြင်း၊ လယ်သမားများအားခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့အပြင် ပစ်ခတ်သတ်ဖြတ်၍သေဆုံးနေသူ၏ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်၍ လူအများမြင်သာအောင်လွှင့်ပစ်ထားခြင်း တို့ကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ပြုလုပ်နေခြင်းမှာ လာမည့်နှစ်၌ ရခိုင်ဒေသအတွင်း အငတ်ဘေးဖန်တီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ချစီစဉ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

(၂) ရသေ့တောင်မြို့နယ်အတွင်းရှိကျောက်တန်းကျေးရွာကဲ့သို့ ကျေးရွာပေါင်းများစွာတို့သည် တိုက်ပွဲများကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်ရွာများအဖြစ်သို့ရောက်ရှိခဲ့ရသည်။ ရွာစောင့်အနည်းငယ်သာကျန်သောကျေးရွာအချို့၊ နာမကျန်း၍ မထွက်ခွါနိုင်သောကြောင့် ကျန်ခဲ့သောသက်ကြီးပိုင်းအချို့သာရှိသော ကျေးရွာများအပါအဝင် ကျောက်တန်းကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ရွာသူရွာသားမဲ့ရွာများအဖြစ်သို့ခေတ္တရောက်ရှိခဲ့ရသည်။ မြန်မာ့တပ်မတော်သည် အဆိုပါကျေးရွာများကို အလုံးစုံဖျက်ဆီးလိုသောကြောင့် ယခုကဲ့သို့ မိုးတွင်းကာလ၌ ကြီးမားသောစစ်ဆင်ရေးကိုပြုလုပ်ရခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော်အားတိုက်ခိုက်နေခြင်းမဟုတ်ဘဲ တိုက်ပွဲအတုများဖန်တီးပြီး ရွာလုံးကျွတ် အလုံးစုံပျက်စီးရန် ပြုလုပ်နေခြင်းသာဖြစ်သည်။

(၃) Counter Terrorism Operation အကြမ်းဖက်နှိမ်နင်းရေးတိုက်ဖျက်ရေး ဟူသည်မှာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်မှသုံးစွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော Operation Clearance ကိုအစားထိုးသုံးစွဲခြင်းသာဖြစ်သည်။ စကားလုံးပြောင်းလဲသော်လည်း အနှစ်သာရ နှင့် လုပ်ရပ်မပြောင်းလဲဘဲ ရခိုင်ဒေသအတွင်းရှိ ဗမာမပါသောအခြားတိုင်းရင်းသားလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ရန်( သို့မဟုတ်) လူမျိုးဖြုတ်ရှင်းလင်းရန်လုပ်ဆောင်နေခြင်းသာဖြစ်သည်။

(၄) အဆိုပါကျေးရွာများအတွင်း မြန်မာ့တပ်မတော်မှ အချိန်ကြာမြင့်စွာတပ်စခန်းချ၍ စစ်ဆင်ရေးများပြုလုပ်နေခြင်း၊ ၎င်းစခန်းချသည့်ကျေးရွာများအတွင်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းတို့ကို မြန်မာ့တပ်မတော်မှ ပြုလုပ်နေသည်ကို ကာယကံရှင်ဒေသခံရွာသူရွာသားများ အားလုံးအသိပင်ဖြစ်သည်။ ဤသည်ကို ဖုံးဖိကာကွယ်လိုသောကြောင့် " ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ အကာအကွယ်ယူနေသောကြောင့်(သို့) အခြေပြုနေရာယူနေသောကြောင့်" ဟူသော မြန်မာ့တပ်မတော်၏ ထုတ်ပြန်ချက်ပါစွပ်စွဲချက်မှာ သူခိုးကလူကိုပြန်ဟစ်သော အကြောင်းပြချက်မျိုးသာဖြစ်သည်။

မြန်မာ့တပ်မတော်၏ ယခုလက်ရှိလုပ်ဆောင်နေသောလုပ်ရပ်များနှင့် ယခင်လုပ်ဆောင်ခဲ့ပြီးသော လုပ်ရပ်များကိုသုံးသပ်ရသော် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအပါအဝင်ကျေးရွာပေါင်းများစွာတို့အား တိုက်ပွဲကိုအကြောင်းပြ၍ ဖျက်ဆီးရန်ကြံစည်နေသော လုပ်ရပ္၊ လာမည့်နှစ်၌အငတ်ဘေးကြုံရန် ကြံစည်သောလုပ်ရပ်များသာဖြစ်သည်ဟု သုံးသပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

    596
    7